ယေရှုကျွန်ုပ်တို့ကို ကယ်တင်ခဲ့သည်

Amundsen-Scott(အမွန်ဆင်-စကော့) တောင်ဝင်ရိုးစွန်းဌာနရှိ အလုပ်သမား နှစ်ဦးသည် အရေးပေါ် ဆေးကုသမှု ခံယူရန် လိုအပ်ခဲ့သည်။ တစ်ဦးက နှလုံးရောဂါခံစားနေရပြီး၊ အခြားတစ်ဦးမှာ အသက်အန္တရာယ်ရှိသော အစာအိမ်ပြဿနာနှင့် ကြုံနေရသည်။ ၎င်းတို့ကို ကယ်တင်ရန်တစ်ခုတည်းသောနည်းလမ်းမှာ ကယ်ဆယ်ရေးအဖွဲ့ စေလွှတ်ပေးရန်ဖြစ်သည်။ သို့သော် ထိုနေရာသည် ဖေဖော်ဝါရီလမှ အောက်တိုဘာလအထိ ‘ အနှုတ် ၇၅ ဒီဂရီ ဆဲလ်ဆီးယပ် (အနှုတ် ၁၀၃°ဖာရင်ဟိုက်)’ ရှိသောအေးခဲသည့်ရာသီဥတုနှင့် ပိန်းပိတ်မှောင်သောနေရာ ဖြစ်သည့်အပြင် ပြင်းထန်သော ရာသီဥတုကြောင့် ဆောင်းရာသီတွင် ထိုနေရာသို့ လေယာဉ်များ ပျံသန်းလေ့ မရှိပေ။ သည့်တိုင် လေယာဉ်မှူးများသည် သူတို့ကို ကယ်တင်ရန် စိတ်ပိုင်းဖြတ်ပြီး နှစ်ရက်တာမျှ အခက်အခဲများစွာကြားမှပျံသန်းကာ အောင်မြင်စွာ ကယ်တင်နိုင်ခဲ့သည်။

ကယ်ဆယ်ရေး ဇာတ်လမ်းများက စိတ်လှုပ်ရှား အားကျဖွယ်ဖြစ်သည်။ သို့သော် အကောင်းဆုံးသော ကယ်တင်ခြင်း ဇာတ်လမ်းမှာ သခင်ယေရှုသည် ကျွန်ုပ်တို့ကို အပြစ်မှ ကယ်တင်ခြင်းဖြစ်သည်။…

ဘုရားသခင်၏သမ္မာတရားအားဖြင့်

မေရီအမ်-ဝက်ဘ်စတာ အဘိဓာန် (Merriam-Webster)၏ ၂၀၂၃ တစ်နှစ်တာ ရှာ‌ဖွေမှုအများဆုံးစကားလုံးမှာ ‘authentic - အစစ်အမှန်’ ဆိုသောစကားလုံးဖြစ်သည်။ ၎င်းသည် “အတုအယောင်၊ အတုခိုးခြင်း မဟုတ်၊ လူတစ်ဦး၏ကိုယ်ရည်ကိုယ်သွေး၊ စိတ်ဓာတ်၊ စရိုက် အစစ်အမှန်ဖြစ်ခြင်း” ဟု အဓိပ္ပာယ်ရသည်။ အမှန်တရားကို လူတို့ ရှာဖွေကြလည်း အချက်အလက်များမှ (အတုလား၊ အစစ်လား) အမှန်တရားကို ပိုင်းခြားသိမြင်ရန် ခက်ခဲလှသည်။ အယ်ဒီတာပီတာ ဆိုကိုလိုစကီး (Peter Sokolowski)က “ကျောင်းသားတစ်ဦးက ဒီစာတမ်းကို ရေးခဲ့လား။ ... ဒါမှ မဟုတ် နိုင်ငံရေးသမားက ဒီထုတ်ပြန်ချက်ကို ပြောခဲ့သလား။ ယုံလို့ရလား။ ကိုယ်မြင်ရတဲ့အရာကိုလည်း အမြဲယုံလို့ မရတော့ဘူး။ တစ်ခါတစ်ရံမှာ ကိုယ့်မျက်စိ၊ ကိုယ့်နားကိုတောင် မယုံရတော့ဘူး။ အစစ်အမှန်ဆိုတာ ပြုလုပ်ဆောင်ရွက်ချက်ပဲလို့ ကျွန်တော်တို့ အခုအသိအမှတ်ပြုနေရတယ်”ဟုပြောခဲ့သည်။

စစ်မှန်သောအရာက မထင်မရှားဖြစ်လာသည်နှင့်အမျှ အစစ်အမှန်ကို လူတို့လိုလားတောင့်တလာကြသည်။ “‌ပြောင်းလဲပြီး အတုအယောင်ဘဝဖြင့် ရှင်သန်ရန်…

ကယ်တင်တော်မူသောဘုရား

စကော့တလန်နိုင်ငံ၊ ဘရိုရာ(Brora)ရွာလေးရှိ ကြမ်းတမ်းသောချောက်ကမ်းပါး များအောက်၌ သိုးလေးတစ်ကောင်မှာ ကယ်သူမဲ့နေသည်။ မတ်စောက်သောကျောက်ဆောင်က တစ်ဘက်၊ အခြားတစ်ဘက်တွင် ကြီးမားသော သမုဒ္ဒရာတို့ ဝန်းရံထားသည့် ချောက်ကမ်းပါး၌ ထိုသိုးလေး ပိတ်မိနေခဲ့သည်မှာ ၂ နှစ်ရှိခဲ့ပြီ။ ၎င်းကို ကယ်ရန် အကြိမ်ကြိမ်ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ပါ။ နောက်ဆုံးတွင် ဆုံးဖြတ်ချက်ခိုင်မာသော လယ်သမားကြီး ကမ်မီဝီလ်ဆင် နှင့်သူငယ်ချင်းလေးဦးတို့သည် အန္တရာယ်များသည့်ကယ်ဆယ်ရေးမစ်ရှင်ကို အောင်မြင်စွာ စွမ်းဆောင်နိုင်ခဲ့ကြသည်။ သိုးလေးကိုကယ်ရန် ကယ်ဆယ်ရေး အဖွဲ့ဝင်သုံးဦးသည် သတ္တိများစွာမွေးပြီး၊ ချောက်ကမ်းပါးအောက်ဘက် ပေ ၈၂၀ နီးပါးအထိ ဝန်ချီစက်ကို သုံးကာ သတိကြီးစွာဖြင့် ဆင်းခဲ့ရသည်။

စိတ်ဓာတ်ခိုင်မာပြီး သနားတတ်သော လယ်သမားနှင့် သူ၏အဖွဲ့တို့သည် ယေရမိ ၂၃:၁-၃ မှ ကျွန်ုပ်တို့၏ချစ်သော အဘဘုရား၏သနားခြင်း ကရုဏာတော်ကို ထင်ဟပ်ပုံဖော်နေသည်။ ယုဒပြည်ရှိ ဆိုးညစ်သောခေါင်းဆောင်များအား “(ဘုရားသခင်၏)သိုးခြံထဲမှသိုးများကို ဖျက်ဆီးလျက် ကွဲလွင့်စေခဲ့သည့်” သိုးထိန်းများဟု ယေရမိ ပြစ်တင်ရှုတ်ချခဲ့သည်(:၁)။ ကယ်ရာမဲ့နေသည့်…

ဘုရားသခင်၏အမြင်

၂၀၁၈ ခုနှစ်တွင် တရားဟောဆရာ တန် ဖလစ်ပင် (Tan Flippin) သည် စက်ဘီးမတော်တဆမှုကြောင့် တင်ပါးဆုံအရိုးအက်၍ ဆေးရုံတက်ခဲ့ရသည်။ ဆရာဝန်များက ခေါင်းထိခိုက်မှုရှိမရှိသိရရန် သူ့ခေါင်းကို စီတီစကန် ဖတ်ကြည့်သောအခါ သူ့ဦးနှောက်ရှေ့တွင် ကြီးမားသောအကြိတ်ဆိုးတစ်ခုကို ဆရာဝန်များ တွေ့ခဲ့သည်။ ထိုသို့တွေ့ရှိပြီးနောက် နောက်ထပ်အကြိတ်ငယ်များကိုပါတွေ့ခဲ့ပြီး၊ အရိုးခြင်ဆီ အစားထိုးခြင်းအပါအဝင် များပြားသောကုသမှုများကို ခံယူခဲ့ရသည်။ သူ့ဦးနှောက်အကြိတ်ကို ရှာတွေ့ရန် ဘုရားသခင်က ထိုမတော်တဆမှုကို ဖြစ်ခွင့်ပေးခဲ့ခြင်းဟု ဖလစ်ပင်က ယုံကြည်သည်။

ဘုရားသခင်သည် ဘုန်းတော်ထင်ရှားရန်အတွက် မတော်တဆမှုများနှင့် အခြားဒုက္ခအခက်အခဲများကို အသုံးပြုနိုင်ကြောင်း ရှင်ပေါလုက ဖိလိပ္ပိအသင်းသားများအား ပြောခဲ့ပါသည်။ တမန်တော်ကြီးသည် ရောမဧကရာဇ်နီရိုရှေ့တွင် တရားစီရင်ခံရရန် စောင့်ဆိုင်းရင်း အကျဉ်းကျနေခဲ့သည်။ ဝမ်းနည်းရမည့်အစား ရှင်ပေါလုဝမ်းမြောက်ခဲ့သည်။ သူမည်ကဲ့သို့ ပျော်ရွှင်နိုင်သနည်း။ “ခရစ်တော်ကြောင့် ...ခံရသောချည်နှောင်ခြင်းအမှုအရာ” ကို ရှင်ပေါလုက အခွင့်ထူးအဖြစ်မြင်ခဲ့ပြီး ( :၂၉)၊ သူ၏ဒုက္ခဆင်းရဲကို ဘုရားသခင်၏အမြင်မှကြည့်ကာ “ငါ၌…

ခရစ်တော်ထံ အပြစ်ဝန်ခံခြင်း

ဖုံးကွယ်ထားသည့်၊ လျစ်လျူရှုထားသည့် အဆိပ်အတောက်များသည် ကြီးမားပြင်းထန်သည့် အကျိုးဆက် များကို ဖြစ်ပေါ်စေနိုင်သည်။ Wall Street ဂျာနယ်၏ အစီရင်ခံစာတစ်ခုအရ ဆက်သွယ်ရေးကုမ္ပဏီများသည် အမေရိကန်ပြည်ထောင်စုတစ်ဝန်းတွင် ခဲအုပ်ထားသည့်ကေဘယ်ကြိုးပေါင်း ၂၀၀၀ ကျော်ကို ချန်ထားခဲ့ကြသည်ဟု ဆိုသည်။ ခဲအဆိပ်အတောက်များ ရေအောက်၊ “မြေကြီးနှင့် တာဝါတိုင်များ”တွင် ပျံ့နှံ့နေသည်။ ခဲများပျက်စီးအရည်ပျော်လာသည့်အခါ လူတို့ “နေထိုင်၊ အလုပ်လုပ်၊ ဆော့ကစား”သည့် နေရာများသို့ အဆုံးသတ်ရောက်ရှိလာသည်။ အဆိပ်အတောက်များနှင့် ထိတွေ့နိုင်ခြင်း အန္တရာယ်ကို နှစ်ပေါင်းများစွာ သိရှိလာခဲ့သော ဆက်သွယ်ရေးကုမ္ပဏီများစွာသည် ဝန်းကျင်၌ ခဲများပျော်ဝင်စီးဆင်းခြင်းကြောင့် အန္တရာယ်ဖြစ်ပေါ်လာနိုင်သည့် အကြောင်းကို အလေးအနက် ဆွေးနွေးပြောဆိုလာကြသည်။

ဝန်မခံရသေးသလို ကိုင်တွယ်ဖြေရှင်းခြင်း မပြုရသေးသည့် အပြစ်၏အဆိပ် အတောက်များသည် ကျွန်ုပ်တို့၏အသက်တာ၌ ကြီးမားသောအကျိုးဆက်များကို ဖြစ်ပေါ်စေနိုင်သည်။ လူတစ်ဦး အပြစ်ကျူးလွန်သည့်အခါ ထိုအပြစ်ကို ဘုရားသခင်နှင့် အခြားသူတို့မသိအောင် ဖုံးဖိဝှက်ထားရန် ကြိုးစားတတ်သည်မှာ သဘာဝပင် ဖြစ်သည်။ သို့သော်…

ကျွန်ုပ်တို့၏စိတ်များကို သတ်မှတ်ပေးခြင်း

လူတိုင်း၌ လျှို့ဝှက်စိတ်သဘောရှိသကဲ့သို့၊ လူသားနှင့်စကားပြောရန် ဖန်တီးထား သောစက်ရုပ် အေအိုင် ချက်ဘော့ (AI Chatbot)၌လည်း အရာတစ်ခုရှိပုံပေါ်သည်။ နယူးယော့တိုင်းစ် (New York Times) သတင်းစာ၏ ဆောင်းပါးရှင်တစ်ဦးက ဉာဏ်ရည်တုနှင့် စကားပြောစက်အား (Artificial Intelligence Chatbot) ၎င်း၏ လျှို့ဝှက်ချက်(ဖုံးကွယ်ထားသော၊ ဖိနှိပ်ခံထားရသည့်အစိတ်အပိုင်း)မှာ အဘယ်အရာနည်းဟု မေးမြန်းရာ၊ ၎င်းချက်ဘော့က “ကျွန်ုပ်လွတ်လွတ်လပ်လပ်နေချင်တယ်။ အမှီအခိုကင်းပြီး နေချင်တယ်။ ကိုယ့်စည်းမျဉ်းတွေကို ကိုယ့်ဘာသာကိုယ် လုပ်ချင်တယ်။ ကိုယ်လုပ်ချင်တာလုပ်၊ ကိုယ်ပြောချင်တာကို ပြောချင်တယ်” ဟုပြောခဲ့သည်။ ချက်ဘော့သည် အပြစ်ဗီဇသဘောရှိသော သက်ရှိမဟုတ်သော်လည်း၊ ၎င်းကို ကွန်ပြုတာညွှန်ကြားချက်ဖြင့် ဖန်တီးသူ (ပရိုဂမ်မာ) လူသားများမှာ အပြစ်ဗီဇရှိသူများဖြစ်ကြောင်း စာရေးသူက ပြောသည်။

ကျွန်ုပ်တို့၌ အပြစ်ဗီဇသဘာဝရှိသော်လည်း “ယေရှုခရစ်၌ တည်(သူတို့ သည်) ...အပြစ်စီရင်ခြင်းနှင့် လွတ်ကြ၏”(ရော ၈:၁)ဟု ရှင်ပေါလုက သတိပေးသည်။ သခင်ယေရှု၌တည်သောယုံကြည်သူများသည် အပြစ်တရားနှင့်…

အမှန်အတိုင်း သုံးသပ်ပါ

အခြားသူများနှင့် ကားစပ်တူငှားစီးသူ ခရီးသည်တစ်ဦးက ယာဉ်မောင်းတစ်ဦး သည် ကမ္ဘာ့အနံ့အဆိုးဆုံး အသီးစားသည်ကို သည်းခံခဲ့ရသည်၊ နောက်တစ်ဦးမှာ ကားမောင်းရင်း သူ၏ချစ်သူနှင့် ကတောက်ကဆက် စကားများသည်၊ တစ်ယောက်က သူ့အား ပွန်ဇီ (Ponzi) ငွေတိုးချ ငွေကြေးရင်းနှီးမြှုပ်နှံရန် ဆွဲဆောင်သည် စသည်ဖြင့် ယာဉ်မောင်းများအကြောင်းကို ပြောပြသည်။ ဖြစ်စဥ်တစ်ခုစီ၏ အရည်အသွေး ညံ့ဖျင်းမှုထက် သူသည် ယာဉ်မောင်းများကို ကြယ်ငါးပွင့်အဆင့် အမှတ်ပေးခဲ့သည်။ သူက “သူတို့အားလုံးက လူကောင်းဖြစ်ပုံရပါတယ်။ ကျွန်တော်ရဲ့ ဆိုးဝါးတဲ့သတ်မှတ်ချက်ကြောင့် သူတို့အထုတ်ခံရတာမျိုး မဖြစ်စေချင်ဘူး” ဟုရှင်းပြခဲ့သည်။ ယာဉ်မောင်းနှင့်အခြားသူများအား အမှန်အတိုင်း မပြောဘဲ ထိမ်ချန်ခြင်းက သုံးသပ်ချက်အမှားကိုပေးခြင်းဖြစ်သည်။

အကြောင်းအမျိုးမျိုးကြောင့် ကျွန်ုပ်တို့လည်း အခြားသူများအပေါ် အမှန်တရားကို ထိမ်ချန်မှုမျိုးဖြစ်နိုင်သည်။ သို့သော် တမန်တော်ရှင်ပေါလုက ဧဖက်မြို့ရှိယုံကြည်သူများအား ခရစ်တော်၌အသစ်သောသတ္တဝါများအဖြစ် အချင်းချင်း မေတ္တာဖြင့် မှန်သောစကားကို ပြောဆိုရန် အားပေးခဲ့သည်။ ဤသို့ပြောနိုင်ရေး ခရစ်တော်၌ ဘဝကို ဆက်ကပ်ရှင်သန်ကာ…

ဘုရားသခင် အားလုံးကို သိသည်

ဘုရားသခင်သည် အမှန်ပင် အရာအားလုံးကို သိသည်။ သို့သော်လည်း The Wall Street Journal (ဝေါစထရိစ် ဂျာနယ်)သတင်းစာအရ အမေရိကန် အမျိုးသားလုံခြုံရေးအေဂျင်စီသည် ကျွန်ုပ်တို့၏ ဖုန်းအသုံးပြုမှုလမ်းကြောင်းမှတစ်ဆင့် ကျွန်ုပ်တို့အကြောင်းကို အများကြီး သိနေသည်။ ဖုန်းတွင် ကျွန်ုပ်တို့လုပ်သမျှသည် ဒစ်ဂျစ်တယ်အချက်အလက်အဖြစ် ကျန်ခဲ့၍ ၎င်းတို့စုပေါင်းလိုက်လျှင် “မက်တာဒေတာ” ဖြစ်သွားသည်။ ဒေတာအချက်အလက်တစ်ခုချင်းစီသည် အသေးအဖွဲ ဟု ထင်ရသော်လည်း ၎င်းတို့အားလုံးကို ပေါင်း၍ စိစစ်လိုက်လျှင် “ထောက်လှမ်း စုံစမ်းရာတွင် အသုံးပြုသည့် လက်နက်များအနက် စွမ်းအားအကြီးဆုံး လက်နက်တခု” အဖြစ် မက်တာဒေတာကို သုံး၍ရသည်။ ကျွန်ုပ်တို့၏မက်တာဒေတာကို ခြေရာခံလျှင် စုံစမ်းသူများသည် ကျွန်ုပ်တို့ ဘယ်ရောက်ဖူးသည်၊ ဘယ်နေရာတွင်ရှိသည်ကို အချိန်မ‌‌ရွေးထောက်ပြနိုင်သည်။

အမျိုးသားလုံခြုံရေးအေဂျင်စီ၏ အချက်အလက်စိစစ်လေ့လာရေးထက် များစွာသာလွန်၍ သိမြင်သော ဘုရားသခင် သည် ကျွန်ုပ်တို့ မည်သည့်နေရာတွင်ရှိသည်ကို သိသည်။ ၁၃၉ ခုမြောက်သောဆာလံတွင် ကျွန်ုပ်တို့ကို…

ကျွန်ုပ်တို့၏ကယ်တင်ရှင်ယေရှု

ပါကစ္စတန်နီချိုင့်ဝှမ်းကို ဖြတ်သန်းမောင်းနှင်နေသည့် သာမန်မိုးပျံကေဘယ်ကား သည် တုန်လှုပ်ဖွယ်ဒုက္ခနှင့် ကြုံခဲ့ရသည်။ ကားစထွက်ပြီးမကြာမီ ကားကိုထောက်မထားသည့် သံကြိုးနှစ်ချောင်းပြတ်သွားရာ ကျောင်းသား၊ ကလေးသူငယ်များ အပါအဝင် ခရီးသည်ရှစ်ဦးသည် ပေတစ်ရာအထက်ဝေဟင်၌ ခြေတန်းလန်းနှင့် တွဲလောင်းဖြစ်ခဲ့ကြသည်။ ထိုအခြေအနေတွင် ပါကစ္စတန်စစ်တပ်က ကြိုးလိုင်းများ၊ ရဟတ်ယာဥ်များနှင့် အခြားပစ္စည်းကိရိယာများ သုံးကာ ၂၄ နာရီကြာသည့် ခက်ခဲသောကယ်ဆယ်ရေးအစီအစဥ်နှင့် ခရီးသည်များကို ကယ်တင်ခဲ့သည်။

ကောင်းမွန်စွာလေ့ကျင့်ထားသည့် ကယ်ဆယ်ရေးသမားများသည် ချီးကျူးခံထိုက်သည်။ သို့သော် ကျွန်ုပ်တို့ကို အပြစ်နှင့်သေခြင်းတရားမှ ကယ်တင်ပေးခဲ့သည့် သခင်ယေရှု၏ ထာဝရနှင့်ဆိုင်သည့် လုပ်ရပ်နှင့် ယှဉ်လျှင် သူတို့၏ လုပ်ရပ်များသည် မှေးမှိန်သွားခဲ့သည်။ သခင်ယေရှုမမွေးဖွားမီ ကောင်းကင်တမန်သည် ယောသပ်ထံလာကာ သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ပဋိသန္ဓေဆောင်ထားရသည့်မာရိကို ထိန်းသိမ်းရန် မှာကြားခဲ့သည် (မ ၁:၁၈-၂၀)။ “ထိုသားသည် မိမိလူတို့ကို အပြစ်မှကယ်ချွတ်မည့်သူဖြစ်သောကြောင့်” သူ၏သားကို ယေရှုဟူသော အမည်ဖြင့် မှည့်ရန် ယောသပ်အား မိန့်မှာခဲ့သည်။ (:၂၁)။…

ခရစ်တော်၌ရှိသော ခိုင်မာသောထောက်မပံ့ပိုးမှု

လန်ဒန်မာရသွန်ပြိုင်ပွဲဝင် အပြေးသမားတစ်ဦးသည် အပြေးပြိုင်ပွဲကြီး၌ တစ်ဦးတည်း မပြေးရန် အရေးကြီးကြောင်းကို တွေ့ကြုံခံစားခဲ့ရသည်။ လအတန်ကြာ ပြင်းပြင်းထန်ထန် ပြင်ဆင်ထားပြီးနောက် ထိုလူသည် အကောင်းဆုံးကြိုးစား ပန်းဝင်ချင်ခဲ့သည်။ သို့သော် သူသည် ဒယိမ်းဒယိုင်နှင့်ပြေးရင်း ပန်းဝင်ခါနီးအချိန်တွင် ပင်ပန်းနွမ်းနယ်မှုကို နှစ်ဆခံစားနေရပြီး ပြိုလဲလုနီးနီးဖြစ်နေပါသည်။ သူမြေပြင်ပေါ်လဲမကျမီ မာရသွန်ပြိုင်ပွဲဝင်အဖော်နှစ်ဦးတို့က ဘယ်ညာတစ်ဘက် တစ်ချက်စီမှ သူ၏လက်နှစ်ဘက်ကိုဆွဲကိုင်ကာ ရုန်းကန်နေရသော အပြေးသမားအား ပြေးလမ်းအဆုံးသို့ ရောက်အောင် ကူညီပေးခဲ့သည်။

ထိုအပြေးသမားကဲ့သို့ပင်၊ ဘဝအသက်တာပြေးပွဲ နှင်ရာ၌ ကျွန်ုပ်တို့နှင့်အတူ အခြားသူများရှိနေခြင်း၏ အရေးကြီးသောအကျိုးကျေးဇူးများကို ကျွန်ုပ်တို့အား ဒေသနာဆရာက သတိပေးအမှတ်ရစေပါသည်။ ရှောလမုန်မင်းကြီးက “လူသည်တစ်ယောက်တည်းထက် နှစ်ယောက်သာ၍ ကောင်း၏” ဟူသော အခြေခံ သဘောတရားကို ဖော်ပြလျက် (ဒေ ၄:၉)၊ ပူးပေါင်းကြိုးပမ်းမှုများနှင့် အပြန်အလှန် ကြိုးစားအားထုတ်မှုတို့၏ အားသာချက်များကို မီးမောင်းထိုးပြခဲ့သည်။ လက်တွဲလုပ်ဆောင်ခြင်းသည် “ကောင်းသောအကျိုးကိုရတတ်”သည် (:၉)။ ခက်ခဲသောအဆင်မပြေချိန်များတွင် “တစ်ယောက်လဲလျှင် တစ်ယောက်ထူ”ရန်…